ညောင်တုန်း ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ချစ်စံဝင်း ရေးသားသော "ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်မိုးကောင်းကင်" စာအုပ်ဖြင့် ဇွန်လ (၂၄) ရက်နေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးစန်းမြင့်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားပြီ (Book Club) နာယက ဦးချစ်စိုးနှင့်အဖွဲ့ဝင် ဦးဟံသောင်းတို့ကဦးဆောင်၍ ချစ်စံဝင်း၏ "ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်မိုးကောင်းကင်" စာအုပ်ပါ ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်မိုးကောင်းကင်၊ နည်းပညာလိုအပ်ချက်၊ လူထုပညာရေးအတွက် စာကြည့်တိုက် စသည့်အကြောင်းအရာများကို တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့်အတူ ဆွေးနွေးခဲ့ပြီး အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် သုတရသစာအုပ်ပြပွဲများ ပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)