ပင်လုံ ဇွန် ၂၅
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆) ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဇွန်လ ၂၃ ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် အခြေခံပညာကျောင်းများ၌ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်ထဲတွင် ကျောင်းသား၊ ကျောင်းသူများများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ကျောင်းသားလူငယ်များ လိုက်နာရမည့် အချက်များ၊ ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်၊ အဆိုးကျော့စက်ဝန်းအဆုံးသတ်ဖို့ အုပ်စုဖွဲ့ မှုခင်းတိုက်ဖျက်စို့၊ မူးယစ်ဆေးဝါးဆိုသည်မှာ၊ မီးရှို့ဖျက်စီး၊ မူးယစ်ဆေးဝါးအုပ်စု ၅ မျိူး၊ တန်ဖိုးရှိလှ လူငယ်ဘဝ မူးယစ်ကင်းစင်ကျန်းမာမှ ကဗျာ၊ ကာတွန့်ပုံ၊ ကမ္ဘာ့ပြသနာမူးယစ်ဆေးတစ်ကမ္ဘာလုံးက တိုက်ဖျက်ပေးဆောင်ပုဒ်နှင့် အနာဂတ်များပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့ ဆောင်ပုဒ်စသည့်အကြောင်းအရာများ ထည့်သွင်းရေးသားဖော်ပြထားကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)