ကျောက်မဲ ဇွန် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန် ၂၃ ရက် မွန်းလွဲ ၁ နာရီက စာရေးဆရာ ဖေမြင့် ရေးသားထားသည့် “ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
ဦးစွာ Book Club ဥက္ကဋ္ဌ စာရေးဆရာ မြင့်အောင်မြင့် (ကျောက်မဲ) က အဖွင့်အမှာစကားပြောကြားပြီး၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သိန်းသန်းဌေး က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များဖြစ်ကြသည့် မောင်ဥက္ကာ၊ မောင်သက်ထွန်းဇော်၊ မနိုရာလင်းထက်၊ မောင်ကျော်ရဲဇာနည်၊ မောင်အံ့ထူးပိုင်နှင့် မမာလာမာန်ကြယ်စင်တို့က စာအုပ်ပါအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးကြရာ Book Club အဖွဲ့ဝင် ဒေါ်နန်းရွှေအုံက ဆွေးနွေးချက်များအပေါ် အနှစ်ချုပ် ပြန်လည်သုံးသပ် ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို Book Club ဥက္ကဋ္ဌက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ပြီး၊ ဦးဆောင်ဆွေးနွေးသူများနှင့် မေးမြန်းဆွေးနွေးသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက ဂုဏ်ပြုဆုငွေများ အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)