နယ်ရုံးများ၏သတင်းများ

Jun 06,2024
စစ်ကိုင်းတိုင်း​ဒေသကြီး​၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Women Club) အဖွဲ့ဝင်များ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆရာကြီး ဗန်းမော်တင်အောင်၏ လူတန်းစားဘဝခံယူချက်နှင့် ဘဝအသိအမြင်များကို တိကျပြတ်သားစွာ ရေးဖွဲ့ထားသော “အညတြ”စာအုပ်ဖြင့် ယ​နေ့နံနက်ပိုင်းက စာဖတ်ဝိုင်း​ဆောင်ရွက်ခဲ့သည်။
Jun 06,2024
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) တို့ပူးပေါင်း၍ စာရေးဆရာကြည်မင်း‌ဝေ (ဆင်ကျွန်း)၏ တိမ်ရိပ်ခိုဘဝများစာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
Jun 05,2024
စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Youth Club) အဖွဲ့ဝင်များပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ ​မောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် “အ​မွေခံတစ်​ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း‌ကျင်းပပြုလုပ်ခဲ့သည်။
Jun 05,2024
စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယမန်နေ့၊ နေ့လယ် ၁ နာရီက မြို့နယ်စာရေးဆရာအသင်း Book Club အဖွဲ့ဝင်များက စာရေးဆရာ ဇွဲသန့်(ဈေးကြီး)၏ မြန်မာမလေးတွေရိုးရိုးယဥ်ယဥ်လှစေချင် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
Jun 04,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရုံးစာရေးသားနည်းသင်တန်း(၂/၂၀၂၄)ကို ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။
Jun 03,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ နို့တိုက်မိခင်များအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။         
Jun 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ယနေ့နံနက်ပိုင်းမှစ၍ အေးချမ်းစွာ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
Jun 02,2024
ပဲခူးတိုင်းဒေသကြီး၊ ဗီဒီယိုအခြေခံအဖွဲ့မှဦးဆောင်၍ တောင်ငူမြို့နယ် ဗီဒီယိုအခြေခံအဖွဲ့၊ ဖွဲ့စည်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။