နယ်ရုံးများ၏သတင်းများ

Dec 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် လူငယ်များဖွံဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Golden Future Private High School ကိုယ်ပ်ိုင်အထက်တန်းကျောင်းတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က Golden Future Private High School ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Dec 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ဆေးရောင်ခြယ်ပြိုင်ပွဲအား ယနေ့ နံနက် (၁၀) နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲ၊ပန်းချီ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။
Dec 05,2023
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဇေယျာအခြေခံပညာ အလယ်တန်းကျောင်းတို့ပူးပေါင်း၍ ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဒီဇင်ဘာ(၄) ရက်၊ မွန်းလွဲပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 05,2023
(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။
Dec 05,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံ ငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာနှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ငှားရမ်းပေးကြသည်။
Dec 05,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။