နယ်ရုံးများ၏သတင်းများ

Jan 27,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက အ.ထ.က (ကျိန္တလီ)ကျောင်းတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြသည်။
Jan 26,2024
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။
Jan 26,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က သန်လျင် အ.ထ.က (၄) ခန်းမဆောင်၌ ကျင်းပခဲ့သည်။
Jan 26,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အနောက်ဘက်ကျေးရွာအုပ်စု၊ သောင်လယ်ကျေးရွာ၊ မဒေါက်ကလေး အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပခဲ့သည်။
Jan 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/သူများ ပြင်ပဗဟုသုတများရရှိစေရန်၊ အသိဉာဏ်ဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်ပြီး အသိပညာပေးဟောပြောပွဲကိုယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်သည်။
Jan 26,2024
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် ပထမမင်္ဂလာစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
Jan 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်း အောင်ဆန်းခန်းမ၌ လူငယ်များ၊ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်များ ပိုမိုပြည့်ဝစေပြီး စာဖတ်ခြင်းအလေ့အထ ပိုမိုတိုးပွားလာစေ၍ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များပေါ် ထွန်းလာကြစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့မွန်လွဲ ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Jan 26,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄) ကျင်းပပြုလုပ်သည်။