ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်းကျင်းပ

ကြည့်မြင်တိုင် ဇွန် ၅

စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယမန်နေ့၊ နေ့လယ် ၁ နာရီက မြို့နယ်စာရေးဆရာအသင်း Book Club အဖွဲ့ဝင်များက စာရေးဆရာ ဇွဲသန့်(ဈေးကြီး)၏ မြန်မာမလေးတွေရိုးရိုးယဥ်ယဥ်လှစေချင် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင်၊ ကြည့်မြင်တိုင်မြို့နယ်ဦးစီးမှူးက  စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မျိုးဝင်း (စာရေးဆရာမတင့်တယ်ခင်)၊ စာရေးဆရာအယ်ဒီတာ ဦးသူရဇော်တို့က ဦးဆောင်၍ မြန်မာမိန်းကလေးများ၏ ရိုးရိုးယဥ်ယဥ်ဝတ်စားပုံများအကြောင်း၊ တိုင်းတပါး၏ ဝတ်စားဆင်ယင်မှုများကို အတုမခိုးသင့်ကြောင်း၊ မြန်မာ့ယဥ်ကျေးမှု ဓလေ့ထုံးတမ်းတွေအကြောင်း အစရှိသည်တို့ကို ဆွေးနွေးပြီး တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများမှ ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)