နယ်ရုံးများ၏သတင်းများ

Jul 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ (Women Club) စာပေချစ်မြတ်နိုးသူများမှ ဇူလိုင်လ (၃) ရက်နေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ကလောင်စုံရေးသားသည့် “မြန်မာအမျိုးသမီးကြေးမုံ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Jul 03,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ မင်းသန်းထိုက်(ဒေးဒရဲ)ရေးသားသော “စိတ်ပြင်ခြင်းအနုပညာ” အက်ဆေးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 03,2024
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပုလောမြို့ မူလွန်(၄)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 03,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ  ဝန်ထမ်းများနှင့်  ဆင်ဖြူကျွန်းမြို့နယ်ရှိ  ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့ နံနက် (၉)နာရီအချိန်က ဧရာဝတီမြစ်ဘေးရှိ ကျေးရွာများနှင့် ဆင်ဖြူကျွန်းမြို့ပေါ်ရပ်ကွက်များအတွင်း ရေဘေးအန္တရာယ် မြေပြိုဘေးအန္တရာယ်  ဆောင်ရန်/ ရှောင်ရန်အချက်များကို  လိုက်လံကြေညာနှိုးဆော်ခြင်းနှင့်  အသိပညာပေး  လက်ကမ်းစာစောင်များ ဖြန့်ဝေငှခဲ့ကြောင်း  သိရသည်။
Jul 03,2024
၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က ဟိုနားကျေးရွာအုပ်စု လွယ်လဲရေထွက်အနီးတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
Jul 03,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း Book Club အဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာရေးဆရာ ဗန်းမော်တင်အောင်ရေးသားသည့် အညတြစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေချစ်မြတ်နိုးလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရေးနှင့် အသိပညာဗဟုသုတများ ပြည့်စုံစေရေးအတွက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်များနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 02,2024
မြန်မာနိုင်ငံတွင် ကလေးများအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှုလျော့နည်း ပပျောက်စေရန်နှင့် တားဆီးကာကွယ်ရန်၊ ဥပဒေအရထိရောက်စွာ ကာကွယ်ပေးနိုင်ရန်၊ သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိဖန်တီးပေးနိုင်စေရန်ရည်ရွယ်၍ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အမှတ် (၂၃) မူလတန်းလွန်ကျောင်းနှင့်ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။