နယ်ရုံးများ၏သတင်းများ

Mar 14,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများပါဝင်သည့် Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ်ကျင်းပလျက်ရှိရာ ယနေ့ နေ့လယ်ပိုင်းတွင် မောင်မိုးယံ၏ လူငယ်နှင့်အနာဂတ်ဘဝမြှင့်တင်ရေး ဆောင်းပါးများစာအုပ်ဖြင့် ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့သည်။
Mar 14,2024
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက ဦးစီးသည့် ရာသီဥတုပြောင်းလဲခြင်းအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်သည်။
Mar 14,2024
 ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ စာပေ/ကဗျာရေးသားနည်း သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက သင်တန်းစမ်းစစ်ချက်အနေဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပခဲ့ကြောင်းသိရှိရသည်။
Mar 14,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက သတင်းရေးသာနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ခရိုင်ဦးစီးမှူးနှင့် သင်တန်းနည်းပြများ၊ ခရိုင်ရုံးဝန်ထမ်းများ တက်ရောက်ကြသည်။
Mar 14,2024
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများက ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ “ရုံးလုပ်ငန်းလက်စွဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ ၌ ပြုလုပ်ခဲ့သည်။
Mar 14,2024
မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Mar 14,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ "လောကဇာတ်ခုံပေါ်မှာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က စာပေချစ်မြတ်နိုးသူများဖြင့် ဆောင်ရွက်ခဲ့သည်။
Mar 13,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများရှိ စာစစ်ဌာန အသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် ဒုတိယနေ့ အင်္ဂလိပ်ဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိသည်။