ဆင်ဖြူကျွန်းမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများအတွင်း ရေဘေးအန္တရာယ် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များ အသိပညာပေး လိုက်လံနှိုးဆော်

စလင်း  ဇူလိုင်  ၃

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ  ဝန်ထမ်းများနှင့်  ဆင်ဖြူကျွန်းမြို့နယ်ရှိ  ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့ နံနက် (၉)နာရီအချိန်က ဧရာဝတီမြစ်ဘေးရှိ ကျေးရွာများနှင့် ဆင်ဖြူကျွန်းမြို့ပေါ်ရပ်ကွက်များအတွင်း ရေဘေးအန္တရာယ် မြေပြိုဘေးအန္တရာယ်  ဆောင်ရန်/ ရှောင်ရန်အချက်များကို  လိုက်လံကြေညာနှိုးဆော်ခြင်းနှင့်  အသိပညာပေး  လက်ကမ်းစာစောင်များ ဖြန့်ဝေငှခဲ့ကြောင်း  သိရသည်။

ထိုသို့လိုက်လံဆောင်ရွက်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ဆင်ဖြူကျွန်းနယ်မြေမီးသတ်စခန်းမှ ဝန်ထမ်းများ ပူးပေါင်း၍ ဆင်ဖြူကျွန်းမြို့ပေါ်ရပ်ကွက်များနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများသို့ သွားရောက်၍  ရေဘေးအန္တရာနှင့်မြေပြိုဘေးအန္တရာယ်ဆိုင်ရာများနှင့် စပ်လျဥ်း၍   မဖြစ်ခင် ကြိုတင်ပြင်ဆင်ရမည့်အချက်များ  ဖြစ်နေစဥ်နှင့် ဖြစ်ပွားပြီးနောက်  လိုက်နာဆောင်ရွက်ရမည့်  ဆောင်ရန်/ရှောင်ရန်အချက်များကို  ဆင်ဖြူကျွန်းမြို့ပေါ် ရပ်ကွက်များဖြစ်သည့်  အမှတ်(၁) အမှတ်(၂) အမှတ်(၃) ရပ်ကွက်မျာအတွင်းနှင့်  လူစည်ကားရာ  မြို့မစည်ပင်သာယာစျေးအနီးနှင့် စွန်းကျွန်းည်ုကျေးရွာ၊ သရက်ချဥ်ကျေးရွာများရှိ ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်သေရန် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေငှခြင်းများကို လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများက လိုက်လံကြေငြာဝေငှခဲ့ကြောင်း  သိရသည်။

(မောင်လွင်)စလင်း