မိုးနဲ ဇူလိုင် ၃
၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က ဟိုနားကျေးရွာအုပ်စု လွယ်လဲရေထွက်အနီးတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်သစ်တောဦးစီးမှူး ဦးကျော်အောင်အောင်က စိုက်ပျိုးမည့် ပျိုးပင်များ ပေးအပ်ခဲ့ပြီး သစ်တောဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူး ဦးအာကာဖြိုးနှင့်ဝန်ထမ်းများ၊ ကျေးရွာနေပြည်သူများက လွယ်ဝပ် ရေထွက်ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် စိန်ပန်းနီ/ပြာ၊ ရေသင်းဝင် စုစုပေါင်း ပျိုးပင် ၂၀၀ ပင် ကိုတပျော်တပါး စိုက်ပျိုးခဲ့ကြကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)