နယ်ရုံးများ၏သတင်းများ

Mar 12,2024
လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန် မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူ အချင်းချင်း ရင်းနှီးစေရန်အတွက် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာမ အေးဖြူ ရေးသားသော “ ဖတ်မိသမျှတွေ မျှဝေပေးဖို့ ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 11,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားမြင့်မားစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝတိုးတက်စေရေးအတွက် “သွင်းကုန်အစားထိုးရန်နှင့်ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရန်”ရည်ရွယ်၍ ဒေသထွက်ကုန်ကြမ်းများကို အသုံးပြုကာ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း  (MSME) များကို အားပေးကူညီပြီး အလုပ်အကိုင်အခွင့်အလမ်းများကို အဓိကထား ဖန်တီးဖော်ဆောင်ပေးလျက်ရှိပါသည်။ ယင်းသို့ အကောင်အထည်ဖော်ဆောင်ရွက်ပေးရာတွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဇော်ဂျီလမ်းတွင်တည်ရှိသည့်  “မမွန်မ” ဘောက်အုတ်လုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးနေမှုအခြေအနေကို ပြည်သူများသိရှိစေရန် ဘောက်အုတ်လုပ်ငန်းပိုင်ရှင် မသင်းသင်းအိနှင့် တွေ့ဆုံမေးမြန်းထားမှုကို  တင်ပြလိုက်ပါသည်။
Mar 11,2024
မကွေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထ‌နှောင်းရင်ခွင်စာပေဝိုင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အင်္ဂလိပ်စာ Primary Grammar နှင့် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတိုရေးနည်း အခြေခံသဘောတရား သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေးခရိုင်  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
Mar 10,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ ရေကြည်ကျေးရွာအုပ်စုအရှေ့ ဇီးကုန်းဘုန်းတော်ကြီးကျောင်းတိုက်အတွင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီ ၃၀ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
Mar 10,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ်များအတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများနှင့် လုပ်ငန်းများ၏ အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့နှင့် တွေ့ဆုံပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် မတ်လ ၈ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။
Mar 09,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများ၏ အရည်အသွေးနှင့်စွမ်းဆောင်ရည် မြင့်မားစေရန်ရည်ရွယ်၍ ဝန်ထမ်းစာဖတ်ဝိုင်းကို လစဉ်ကျင်းပလျက်ရှိရာ ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က အဆိုပါရုံးရှိလူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် “စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာစောင်” စာအုပ် ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
Mar 09,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက အနာဂတ်တွင်ဦးဆောင်ကြမည့် လူငယ် များအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရန်နှင့် ကျန်းမာရေးဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်နှင့် ကျန်းမာရေးအသိပညာပေး Talk Show ကို ကျင်းပပြုလုပ်သည်။
Mar 09,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ပြိုင်ပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ‌ခြင်းကို ယမန်နေ့ နေ့လယ် (၁၂) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။