နယ်ရုံးများ၏သတင်းများ

Mar 12,2020
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/သူများ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရန်နှင့် ပြည်သူ့စာကြည်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန်အတွက် ကာယ/ဉာဏစွမ်းရည်ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် (Community Centre)နှင့် ကလေးစာဖတ်ခန်းတွင်  ယမန်နေ့ နံနက်(၁၁)နာရီတွင် ကျင်းပပြုလုပ်ပေးခဲ့သည်။
Mar 12,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းအသင်းတို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲတွင် ရှဒေါင်ကျေးရွာရှိ မေတ္တာပျိုးခင်းမိဘမဲ့ဂေဟဟာ၌ ကျင်းပခဲ့သည်။
Mar 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာဖတ်ရှိန် မြင့်မားရေးနှင့် စာပေကို ချစ်မြတ်နိုး၍ တန်ဖိုးထားတတ်လာစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ(၁)နာရီက လူထုအခြေပြု ဗဟိုဌာန(Community Centre) တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည်။
Mar 12,2020
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာပေ ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍  စာရေးဆရာအောင်သင်း၏ "နှလုံးသားကို လေးပေါ် တင်၍ ပစ်သောအခါ" စာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကိုယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။
Mar 12,2020
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းပိတ်အားလပ်ရက်၌ ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်ပြီး စာအုပ်၊ စာပေကောင်းများ ဖတ်ရှု့လေ့လာနိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက်(၁၁)နာရီအချိန်တွင် ပြည်သူ့စာကြည့်တိုက်၌ ပျော်ပွဲ၊ ရွှင်ပွဲဂိမ်းမျိုးစုံပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်ကျင်းပသည်။
Mar 12,2020
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာစွမ်းရည်များ မြှင့်တတ်လာစေရန်ရည်ရွယ်၍ အင်္ဂလိပ်စကားပြောသင်တန်းကို ယမန်နေ့ နေလယ် ၁ နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ပါသည်။
Mar 12,2020
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ၊(Youth Club) အသင်းတို့ပူးပေါင်း၍ "လူထုစိန်၀င်း" ၏ “လူငယ်တွေကိုယုံပါ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
Mar 11,2020
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဖတ်မာကျေးရွာမှ ပေါ်တော်မူ ဓာတ်ပေါင်းစု ဆုတောင်းပြည့် စေတီတော်သို့ သွားလမ်းပေါ်ရှိ ဖတ်မာချောင်းတွင် ဘုရားဖူးပြည်သူများ ရာသီမရွေး အန္တရာယ်ကင်းစွာ ဖြတ်သန်း သွားလာ နိုင်ရေး အတွက် အလှူရှင်များ၏ မတည်လှူဒါန်းမှုနှင့် ကျေးရွာပြည်သူများ ထည့်၀င် လှူဒါန်းငွေများဖြင့် တည်ဆောက်ထားသည့် ဖတ်မာကြိုးတံတား သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် အဆိုပါ ကြိုးတံတား သစ်နေ ရာ၌ ကျင်းပသည်။