ပူတာအို မတ် ၁၁
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဖတ်မာကျေးရွာမှ ပေါ်တော်မူ ဓာတ်ပေါင်းစု ဆုတောင်းပြည့် စေတီတော်သို့ သွားလမ်းပေါ်ရှိ ဖတ်မာချောင်းတွင် ဘုရားဖူးပြည်သူများ ရာသီမရွေး အန္တရာယ်ကင်းစွာ ဖြတ်သန်း သွားလာ နိုင်ရေး အတွက် အလှူရှင်များ၏ မတည်လှူဒါန်းမှုနှင့် ကျေးရွာပြည်သူများ ထည့်၀င် လှူဒါန်းငွေများဖြင့် တည်ဆောက်ထားသည့် ဖတ်မာကြိုးတံတား သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် အဆိုပါ ကြိုးတံတား သစ်နေ ရာ၌ ကျင်းပသည်။
ရှေးဦးစွာ ဖတ်မာကြိုးတံတားသစ်ကို CB Bank ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးယောဆီ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ တံတားမတည်အလှူရှင် ကို၀မ်း(ခ)ကိုဇော်လေးမြင့်တို့က တံတားသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဧည့်သည်တော်များနှင့် တက်ရောက် လာသူများက တံတားကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ တံတား အရှည်မှာပေ(၁၆၀)နှင့် အကျယ်ခြောက်ပေ ခြောက်လက်မဖြစ်ပြီး ယင်းတံတားကို မန္တလေးမြို့နေ ကို၀မ်း(ခ)ကိုဇော်လေးမြင့်နှင့် မသီသီခိုင်မိသားစုမှ မတည်ငွေ ကျပ်သိန်း (၅၀)နှင့် ကျေးရွာပြည်သူ ထည့်၀င်ငွေ ကျပ်(၃၄,၇၅၀၀၀) စုစုပေါင်း ငွေကျပ်(၈၄,၇၅၀၀၀)ဖြင့် တည်ဆောက် ပြီးစီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဖုန်ကန်(ပူတာအို)