တာမိုးညဲမြို့၊ ပြည်သူ့စာကြည့်တိုက်၌ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကျင်းပ

တာမိုးညဲ မတ် ၁၂

မူဆယ်ခရိုင်၊ တာမိုးညဲမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းပိတ်အားလပ်ရက်၌ ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်ပြီး စာအုပ်၊ စာပေကောင်းများ ဖတ်ရှု့လေ့လာနိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက်(၁၁)နာရီအချိန်တွင် ပြည်သူ့စာကြည့်တိုက်၌ ပျော်ပွဲ၊ ရွှင်ပွဲဂိမ်းမျိုးစုံပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်ကျင်းပသည်။

ကဗျာရွတ်ဆိုပြိုင်ပွဲကို မိမိကြိုက်နှစ်သက်ရာ ကဗျာများဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး ဘောလုံးပစ်ပြိုင်ပွဲ၊ ခါးလှည့်ကွင်းပြိုင်ပွဲ၊ ပူစီးဖောင်းဖောက်ပြိုင်ပွဲနှင့် အခြားစိတ်ဝင်စားစရာဂိတ်ပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာဖြင့် ယှဉ်ပြိုင်ကြသည်။

ဆက်လက်ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပျော်ပွဲရွှင်ပွဲ ဂိမ်းကစားပြိုင်ပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။

ဌေးဌေးကြည်(ပြန်/ဆက်)