မြောက်ဥက္ကလာပ မတ် ၁၂
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာစွမ်းရည်များ မြှင့်တတ်လာစေရန်ရည်ရွယ်၍ အင်္ဂလိပ်စကားပြောသင်တန်းကို ယမန်နေ့ နေလယ် ၁ နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ မြို့နယ် ပြန်/ဆက်ဦးစီးမှူးဒေါ်မြမြဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်က အင်္ဂလိပ်စာသည် ယနေ့ခေတ်လူငယ်များအတွက် အဓိကကျ၍ အရေးကြီးကြောင်းကို ပြောကြားခဲ့ပြီး ဆရာဦးကြည်မြင့်က အင်္ဂလိပ်စာများအခြေခံမှစ၍ စာတွေ့ လက်တွေ့သင်ကြားပေးခဲ့သည်။
အဆိုပါ သင်တန်းကို မတ်လ (၁၁) ရက်နေ့မှ မေလ (၂၉) ရက်နေ့အထိ (၃) လကြာမြင့်စွာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရှိရပြီး သင်တန်းဆင်းချိန်တွင် သင်တန်းသား၊ သင်တန်းသူများအား အအေးနှင့်မုန့်များ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရသည်။
မြမြဝင်း (ပြန်/ဆက်)