သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်းကျင်းပ

သုံးခွ မတ် ၁၂

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ၊(Youth Club) အသင်းတို့ပူးပေါင်း၍ "လူထုစိန်၀င်း" ၏ “လူငယ်တွေကိုယုံပါ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဦး‌ဆောင်ဆွေးနွေးသူအဖြစ် စာပေချစ်မြတ်နိုးသူများ အသင်း (Book Club)အဖွဲ့၀င် ဦး‌‌ ဇော်ဝိတ်က "လူငယ်တွေကိုယုံပါ"၊ ဦးသိန်းအေးမှ "သိတော့သိတယ် ဘာမှမတတ်ဘူး"၊ "ပညာရွာ ပညာစီးပွားရေး"၊ ဦးသိန်းတန်မှ "မြန်မာကို မြန်မာသိစေဖို့"၊ (youth club) ဥက္ကဋ္ဌ ဦးမင်းဇော်နှင့် အဖွဲ့၀င် ဦးမြဇင်တို့က စာအုပ်ပါအ‌ကြောင်းအရာများအား အသီးသီး ဆွေးနွေးခဲ့ကြသည်။

ထို့နောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက မိမိတို့သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများက မိမိတို့၏စာပေအတွေ့အကြုံများဖြင့် ပြန်လည်မျှဝေဆွေးနွေးခဲ့ကြသည်။

စည်သူလင်း ပြန်/ဆက်