လမ်းမတော်မြို့နယ်  UMFCCI  တွင် Myanmar Digital Economy Association ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကျင်းပ

လမ်းမတော်   သြဂုတ် ၁၈

လမ်းမတော်မြို့နယ်  UMFCCI  တွင် Myanmar Digital Economy Association (MDEA) ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းတွင် ကျင်းပခဲ့ရာ MDEA အသင်းဖွဲ့စည်းခဲ့သည်မှာ ၂၀၂၀ ခုနှစ်သြဂုတ်လ ၁၅ရက်နေ့တွင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သဖြင့် နှစ်ပတ်လည် အသင်းသား အစည်းအဝေးမကြာမီ ကျင်းပနိုင်ရေး MDEA ၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ E- commerce  strategy အတွက် အဖွဲ့ဝင်များထံမှ သဘောထား မှတ်ချက်တောင်းခံခြင်း၊ လုပ်ငန်းမြန်ဆန် သွက်လက်ရေးအတွက် Project Member Team ဖွဲ့စည်းရေး Myanmar 4.0 Concept Paper တို့နှင့် စပ်လျဉ်း၍ တက်ရောက်လာသည့် အဖွဲ့ဝင်များနှင့် အကြံပြုဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ MDEA ဥက္ကဋ္ဌ ဦးသောင်းတင်နှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးဝေဖြိုး၊ ဦးအေးချမ်း၊ ဦးသောင်းစုငြိမ်း၊ ဦးအေး၀င်း၊  ဒေါက်တာ တင်လတ်၊  ဦးအောင်အောင်၊ ဦးဝင်းမြင့်အောင်၊ ဦးသူရိန်ငြိမ်း၊ ဒေါက်တာထွန်းသူရသက် တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်