အမာ သြဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ယနေ့ နံနက် ၈ နာရီမှ ၁၁နာရီအထိ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အမာမြို့အတွင်း စည်းကမ်းမဲ့စွာ မောင်းနှင်လျက်ရှိသော ဆိုင်ကယ်၊ ထော်လာဂျီယာဉ်များရှိသဖြင့် ယာဉ်အန္တရာယ်ကိုကြိုတင်ကာကွယ်နိုင်ရန် အမာမြို့ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ကိုဖွဲ့စီးပြီး အဖွဲ့ဝင်များဖြစ်ကြသည့် အမာမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ အမာမြို့စည်ပင်ကော်မတီဥက္ကဋ္ဌ ဒေါ်ကေသီချို၊ အမာနယ်မြေရဲစခန်းမှ ဒုရဲအုပ်နောင်နောင်တို့က ဦးဆောင်၍ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများမှ စုပေါင်း၍ အမာမြို့အတွင်း သွားလာလျက်ရှိသည့် ဆိုင်ကယ်၊ ထော်လာဂျီ ယာဉ်များကို စစ်ဆေး၍ လိုက်နာရမည့် စည်းကမ်းများကို အသိပေး ပြောကြားခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းများကို အပတ်စဉ်တနင်္လာနေ့နှင့် သောကြာနေ့တိုင်း နံနက်(၈)နာရီမှစ၍ စစ်ဆေးသွားမည်ဖြစ်ပြီး အသိပညာပေး ကာလကို (၂၁ - ၈ -၂၀၂၀) ရက်နေ့မှ (၂၀ - ၉ - ၂၀၂၀)ရက်နေ့အထိ သတ်မှတ်ထာပြီး သတ်မှတ်ကာလ ကျော်လွန်ပါက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့ နံနက်တွင် ဆိုင်ကယ်/ ထော်လာဂျီ မောင်းနှင်သူ (၅၀)ဦးခန့်ကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နော်လေး(အမာ)