နယ်ရုံးများ၏သတင်းများ

Aug 14,2020
နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများဝင်ငွေ လျော့နည်းလာမှုနှင့်စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်
Aug 14,2020
မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအတွက် တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ကျင်းပသည်။
Aug 14,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့ နံနက် ၁၀ နာရီက ပြသဆောင်ရွက်ထားသည်။
Aug 14,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော ပြည်သူများအား ဆက်လက်ထောက်ပံ့မှု အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့်  ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန် က ထောက်ပံ့ ပေးခဲ့သည်။
Aug 14,2020
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်းရေးအတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲဆိုင်ရာ စေစပ်ညှိနိုင်းရေးကော်မတီသည် မဲဆွယ်စည်းရုံးရေးကာလတွင်လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ ပါတီများနှင့် ရွေးကောက်ပွဲတွင်
Aug 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် သမဝါယမအသင်းစုမှ သန့်ရှင်းလတ် ဆတ်သော ကြက်သွန်နီများအား အသင်းသားများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်းများမှတဆင့်  ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။
Aug 14,2020
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရွှေ့ပြောင်း ကျွဲ၊ နွား၊ ဝက်များအတွက် တိရစ္ဆာန်အစားအစာများကို ယနေ့ နံနက်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။