ဖျာပုံမြို့၌ မဲဆန္ဒရှင်များစာရင်းမှ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထား သူများကို ပြင်ဆင်ပေး

ဖျာပုံ  သြဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများမှ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူများအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့ရုံး၌ မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

ထိုသို့ လုပ်ငန်းများဆောင်ရွက်ရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများက တင်ပြလျှောက်ထားလာသူများကို သြဂုတ်လ(၂၇)ရက်နေ့အထိ ပုံစံ(၃)ဖြင့် လျှောက်ထားလာသူ (၃၅၉၉)ဦး၊ မဲစာရင်းတွင် မပဝင်သင့်သူများပါဝင်နေ၍ အမည်စာရင်းမှ ပယ်ဖျက်ပေးရန် ပုံစံ(၄)ဖြင့်လာရောက် ကန့်ကွက်သူ(၇၁၇)ဦး၊ မဲစာရင်းနှင့်စပ်လျဉ်းသည့်ပြင်ဆင်လွှာပုံစံ(၄-ဂ)ဖြင့် လျှောက်ထားလာသူ(၁၂၆၄)ဦးရှိရာ မဲစာရင်းတွင် မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း လုပ်ငန်းများကို သြဂုတ်လ(၁၅)ရက်နေ့မှ ယနေ့အထိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်မူမူရွှေထံမှ သိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)