နယ်ရုံးများ၏သတင်းများ

Aug 07,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးလောင်မှုလျော့နည်းစေရေးအတွက် စက်ရုံ၊ အလုပ်ရုံ၊ မိုတယ်၊ တည်းခိုခန်း၊ လူနေအဆောက်အဦ၊ စက်သုံးဆီဆိုင်များ၊ ဈေးများ၊ ဆေးရုံ (ဓါတ်မှန်ခန်း၊ ဓါတ်ခွဲခန်း) များ၊ ဘဏ်များအား မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြစ်သားမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ ကမ္ဘောဇ ဘဏ်၊ CB ဘဏ်များကို မီးဘေးကြိုတင်ကာကွယ်ရေးကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 07,2020
ဘုရားသုံးဆူမြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ကပ်ထားလျက်ရှိရာ ယမန်နေ့ ၃ နာရီအချိန်၌ ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
Aug 07,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ အသိပညာပေးနံရံကပ်ပြဘုတ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်သည့် လမ်းညွှန်ချက်များ၊ သိမှတ်ဖွယ်ရာများကို ပြည်သူများ အလွယ်တကူဖတ်ရှုလေ့လာနိုင်ရန်ရည်ရွယ်၍ ရွေးကောက်ပွဲဆိုင်ရာ သိသင့်သိထိုက်သောလက်ကမ်းများ၊ ပိုစတာများကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။
Aug 07,2020
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယခုနှစ်တောင်ယာလုပ်ငန်း လုပ်ကိုင်ကြသော တောင်သူများ မှာ ယခင်နှစ်ကထက် အသီးအနှံများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်းသိရသည်။
Aug 07,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်းနှင့် အမှတ်(၅၉)ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံးတို့ ပူးပေါင်း၍ မြို့လယ်ကောင် နာရီစင်အဝိုင်းတွင် ၂၀၂၀ ခုနှစ် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေသစ်နှင့် ပတ်သက်ပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်မောင်းနှင်သူများကို အသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့ကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
Aug 07,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့ နယ်ရှိရပ်ကွက်များတွင်ရပ်ကွက် အတွင်း၌တစ်လနှင့်အထက်နေထိုင် သူများအားရပ်ကွက် အုပ်ချုပ်‌ရေးမှူးရုံးသို့ သတင်း‌​ပေးပို့ရန်နှင့်မဲစာရင်း များလာရောက်ကြည့်ရှူကြရန်ယမန်နေ့ နံနက်ပိုင်းကစ၍ လိုက်လံ၍
Aug 07,2020
(၂၀၂၀) ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများကို ပြည်သူများအလွယ်တကူသိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နံရံကပ်ဘုတ်တွင် အသိပညာပေး ပြသ ဆောင်ရွက်ခဲ့သည်။