နယ်ရုံးများ၏သတင်းများ

Sep 03,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 03,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ တိရစ္ဆာန်မွေးမြူသူ တောင်သူ များထံသို့ တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဖြန့်ဖြူးသော တိရစ္ဆာန် အစာနုအိတ်များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဓနုဖြူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
Sep 03,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စား လှယ်လောင်း အမည်စာရင်းများကို ထုတ်ပြန်ကြေညာ ထားကြောင်း သိရသည်။
Sep 03,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ (၁) နာရီတွင် ဖျာပုံမြို့ ၁၈ ရပ်ကွက်ရှိ သမိဒ္ဓေါယသီလရှင်စာသင်တိုက်သို့ ဆွမ်းဆန်စိမ်းများ လှူဒါန်းခဲ့ကြောင်းသိရသည်။
Sep 03,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ တောင်သူဦးကြီးများ အတွက် ၂၀၂၀ ပြည့်နှစ် စိုက်ပျိုးစရိတ်အထူးချေးငွေနှင့် ကိုဗစ်-၁၉ ကာလအတွင်း အထူးချေး ငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ်မှ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ဝါးခယ်မ မြို့နယ် ရွှေခယ်သီရိအားကစားခန်းမအတွင်း၌ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
Sep 03,2020
အင်္ဂပူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အင်္ဂပူမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊‌‌ ကျွန်းကြီးကျေးရွာတွင် မြစ်ကမ်းပါး ပြိုကျမှုကြောင့် မျောပါပျက်စီးခဲ့သော လူနေအိမ် တစ်လုံးအတွက်‌ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းဝေးခန်းမ၌ ပြုလုပ် သည်။
Sep 03,2020
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်လွှတ်တော်ရုံး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် ၄၈ ဦးတို့ တက်ရောက်ကြသည်။
Sep 03,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် မိမိတို့ကျေးရွာရှိ ယာခင်းများနှင့် တောင်ကုန်းတောင်တန်းပေါ်တွင် စီးပွားဖြစ် “ဝ”ဥများ စနစ်တကျ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။