နယ်ရုံးများ၏သတင်းများ

Aug 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် နှာခေါင်းစည်း (Mask)များ မဖြစ်မနေ တပ်ဆင်ရန် ယနေ့ နံနက် (၈)နာရီတွင် မြို့မဈေးကြီးနှင့် လူစည်ကားသည့် လမ်းဆုံများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။
Aug 27,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းသည် မြို့တွင်း ၁၁/၀.၄ ကေဗွီ နှစ်ထပ်ဓာတ်အားလိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်းသိရသည်။
Aug 27,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့အဝင်/အထွက် စုပေါင်းဂိတ်၌ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ပျဉ်ထောင်စု ကျေးရွာအုပ်စုရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)သို့ ကွင်းဆင်းသွား‌ရောက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့‌ကြောင်း သိရသည်။
Aug 27,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့ ဟင်းသီးဟင်းရွက်နှင့် သားငါးယာယီဈေးတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမြင့်ဇော်နှင့် ဝန်ထမ်းများက အာဖရိက ဝက်အပြင်းဖျားရောဂါမှ ကြိုတင်ကာကွယ်နိုင်ရေး နာမကျန်းဝက်များမှ အသားများရောင်းချခြင်း မရှိစေရေးအတွက် အသိပညာပေးခြင်းကို ယနေ့နံနက် ၇ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်​ မြို့မစျေးသစ်တွင် ကိုဗစ်-၁၉ ​ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေး​ရောင်း/ဝယ်ကြ သူများတွင် Mask တပ်ဆင်မှု ရှိ၊ မရှိကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများမှ နေ့စဉ်စစ်​ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Aug 27,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် သြဂုတ်လ ၂၄ရက်နေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် နားမခေါ်ကျေးရွာအုပ်စု နားမခေါ်ကျေးရွာအနီး တောင်ကျရေများ စီးဆင်း၍ နားမခေါ်ကျေးရွာအတွင်း စီးဆင်းသည့်ချောင်းမှ ရေကြီးရေလျှံပြီး အိမ်ခြေ(၂၇)အိမ် ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။
Aug 27,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့အတွင်း၌ ဆုံဆို့နာရောဂါ ကပ်အသွင်ဖြစ်ပွား နေသောကြောင့် ဆုံဆို့နာရောဂါဖြစ်ပွားခဲ့သည့် ကျေးရွာများရှိ အသက်(၁၅)နှစ်အောက် ကလေးငယ် (၁၄၇၅) ဦးအား ယမန်နေ့က စတင်၍ ကျန်းမာရေးဝန်ထမ်းများ ကွင်းဆင်းပြီး ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။