မွန်ပြည်နယ် လမိုင်းမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

လမိုင်း  အောက်တိုဘာ ၄

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိ သောအခြေခံလူတန်းစားများ မိသားစုစားဝတ်နေရေး အဆင်ပြေချောမွေ့စေရန် ရည်ရွယ် ၍ နိုင်ငံတော်အစိုးရမှ  ထောက်ပံ့သည့်  ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက ထောက်ပံပေး အပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများကို လမိုင်းမြို့ မြို့မ(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းအောင် နှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ ကာလအတွင်း  ပုံမှန်ဝင်ငွေမရှိသော လမိုင်းမြို့ မြို့မ(၁) ရပ်ကွက် အတွင်းရှိအခြေခံလူတန်းစား အိမ်ထောင်စု(၃၈၉)စုအား အိမ်ထောင်စုတစ်စု လျင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့်   ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် လိုက်လံပေး အပ်ခဲ့ ကြောင်းသိရသည်။

တင်ဇာစိုး(ပြန်/ဆက်)