နယ်ရုံးများ၏သတင်းများ

Apr 06,2024
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာ လယ်တွင်းသားစောချစ်၏ ပန်းလိုချင် အပင်ပျိုးတက်မှ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း  သိရသည်။
Apr 06,2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “ကလေးနှင့် ဆယ်ကျော်သက်အရွယ် လူငယ်များအတွက် စာဖတ်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Apr 06,2024
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ ၂၀၁၃ ခုနှစ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနည်းဥပဒေများ၊ ၂၀၁၅ ခုနှစ်စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
Apr 06,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင်အခမ်းအနားတစ်ခုအား အောင်မြင် ပြည့်စုံစွာ ပြီးမြောက်စေရန်နှင့် အခမ်းအနားမှူးတာ၀န်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သောအခမ်းအနားမှူး သင်တန်း၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
Apr 06,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်ပိုင်းအချိန်က “စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး လက်စွဲစာစောင်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Apr 06,2024
လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူ အချင်းချင်း ရင်းနှီးစေရန်အတွက် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ဒီပံလင်း ရေးသားသော “နောက်ဆုံးကျန်သောရေတစ်စက်” စာအုပ်ဖြင့် ယနေ့နံနက်  ၁၀ နာရီ အချိန်က စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 06,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပ အသိပညာ ဗဟုသုတတိုးပွားစေရန်၊ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် လူငယ်ရေးရာအကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၈) နာရီက ပေကုန်းကျေးရွာ ကန်လယ်မင်းကျောင်းတိုက်တွင် ကျင်းပဆောင်ရွက်ခဲ့သည်။
Apr 06,2024
ပျော်ဘွယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိပညာ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၉) နာရီက သူဌေးကုန်း ပရဟိတဂေဟာတွင် ကျင်းပခဲ့ကြောင်း သိရသည်။