လေးမျက်နှာ ဩဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာခရိုင်၊ လေးမျက်နှာမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစာင်နှင့် စာအုပ်/စာစောင်ပြပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အ.လ.က လေးမျက်နှာကျောင်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ညိုညိုဝင်းက ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန် ပြည့်စုံစေရန်၊ အသိပညာ ဗဟုသုတ ရရှိစေမည့် စာအုပ်စာပေများ ဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတ တိုးပွားစေရန်၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများ ဖြစ်စေရန်ပြင်ပ စာအုပ်၊စာပေတို့ကို လေ့လာရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်းကို ဟောပြောခဲ့သည်။
ထို့နောက် ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များနှင့် နံရံကပ်စာစာင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မိုးသက်ကို(ပြန်/ဆက်)