မန့်ဟီးရိုးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ စာအုပ် စာစောင်ပြပွဲ၊ နံရံကပ် စာစောင်ပြပွဲများ ကျင်းပပြုလုပ်

မန့်ဟီးရိုး  ဖေဖေါ်ဝါရီ  ၅     

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်ခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်း အမှတ်အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။                                                          

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ဆိုင်းမိုင်က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး ဗဟုသုတရရှိစေရန်နှင့် သိမှတ်ဖွယ်ရာများရရှိနိုင်သော စာအုပ်စာပေများ   စာကြည့်တိုက်တွင် ရှိကြောင်း သိရှိ နိုင်စေရန်ရည်ရွယ်ပြီး စာအုပ်စာစောင်ပြပွဲကိုလည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းပြောကြားသည့် မိန့်ခွန်း ကောက်နုတ်ချက်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးမှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်း ကောက်နုတ်ချက်များ၊(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသူများ၊ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များစသည့် အကြောင်းအရာများကို ပြသထားသည့် နံရံကပ်စာစောင်ကိုလည်းကောင်း အသိပညာပေးပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ဖတ်မှတ်လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရှိရသည်။

ဆိုင်းမိုင်(မန့်ဟီးရိုး)