နယ်ရုံးများ၏သတင်းများ

Feb 18,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
Feb 18,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင်းနံရံ ကပ်ပြဘုတ်တွင် ကိုဗစ်မျိုးကွဲ အသစ် အိုမီခရွန်အကြောင်း သိထားသင့်သော အချက်များအား နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ (၂) နာရီအချိန်ကစတင်၍ ပြသဆောင်ရွက်ခဲ့သည်။
Feb 18,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးကို မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း ဆောင်ရွက်ရာ ယခုအခါ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွမ်) ရောဂါပိုး ကူးစက် ပြန့်ပွားမှုမရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပူးပေါင်းကာ အသိပညာပေးခြင်းလုပ်ငန်းအား ယနေ့ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Feb 18,2022
ပြည်သူများ အသက်​မွေးဝမ်း​ကြောင်း အ​ထောက်အကူပြု တပိုင်တနိုင် စီးပွား​ရေးလုပ်ငန်းအဖြစ်​ဆောင်ရွက်နိုင်ရန်၊ မိသားစုအတွက် ကိုယ်တိုင်ပြုလုပ် အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ကာ ဘက်စုံသုံး ဆပ်ပြာဆီသင်တန်းကို ​ယမန်​နေ့၊ ​မွန်းလွဲ(၁)နာရီအချိန်က အလုံမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြု ဗဟိုဌာန (Community Centre)၌ ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Feb 18,2022
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေမွန်ထွဋ်နှင့် ဝန်ထမ်းများသည် ပြည်သူများစာအုပ်စာပေများကို လေ့လာဖတ်ရှု သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေပြီး အသိပညာ ဗဟုသုတများ တိုးပွားလာစေရေးအတွက် ယနေ့ နံနက် ၁၁ နာရီ အချိန်က Mobile Library မော်တော်ယာဉ်ဖြင့် ဇလွန်ကျေးရွာ မူလွန်ကျောင်းနှင့် မဒေးကျေးရွာ မူလတန်းကျောင်းများသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါလမ်းညွှန်ချက်များနှင့်အညီ စာအုပ် များကို ငှါးရမ်းပေးခဲ့သည်။
Feb 18,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး ပြည်သူ့စာကြည့်တိုက်အတွင်း၌ ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ရုံးလုပ်ငန်းလက်စွဲ စာအုပ်ဖတ်ရှုပြီး စာဖတ်ဝိုင်း ကျင်းပခဲ့ ကြောင်းသိရသည်။
Feb 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ လုပ်ငန်း စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက်(၁၀)နာရီခွဲက အဆိုပါအစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Feb 18,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက မြနှင်းရည်ရှိန် ဘာသာပြန်ရေးသားသည့် “အတွေးများမှသည် လက်တွေ့လုပ်ဆောင်မှုဆီသို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌​ ကျင်းပခဲ့သည်။