နယ်ရုံးများ၏သတင်းများ

Mar 15,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်တွင်ခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ညောင်ဦးခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန၊ညောင်ဦးမြို့ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေး၊ နံရံကပ်စာစောင်၊ စာအုပ်ျပြပွဲနှင့် ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 15,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဆွမ်ပရာဘွမ်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။
Mar 15,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယနေ့နံနက်၈နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်၊ စည်ပင်သာယာရေးအဖွဲ့ များ၊ တာဝန်ရှိသူများ ပူးပေါင်းပြီး ကျိုက်ဒုံမြို့ပေါ်ရပ်ကွက်များနှင့်လမ်းဆုံနေရာများ၌ ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲအိုမီခရွန် (omicron)ရောဂါပိုး ကြိုတင်ကာကွယ် နိုင်စေရေးအတွက် အသိပညာပေးခြင်းနှင့် (Mask Champaign) ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Mar 15,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယမန်နေ့ နံနက်ပိုင်းအချိန်ထိ ၂၀၃၅၉၆ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ် ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
Mar 15,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် မွေးစမှ အသက်တစ်နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက ဘားအံမြို့နယ်၊ မိခင်နှင့် ကလေးကျန်းမာရေး ဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Mar 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် Book Club အဖွဲ့ဝင် များက စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ ခေါင်းဆောင်မ လျှို့ဝှက်ချက် စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
Mar 15,2022
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မန္တလေး၊အောင်မြေသာစံမြို့နယ်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကလေး အလုပ်သမား ပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပ ပြုလုပ်ရာ မန္တလေးလူငယ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြား ရေးမှူး ဦးသန်းအောင်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီး အရာရှိ ဒေါ်စပယ်နှင့် ဝန်ထမ်းများ၊ အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအကျိုး တော်ဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့် ဆရာ/မများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
Mar 15,2022
၂၀၂၂ခုနှစ် မန္တလေးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကျင်းပရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ပိုင်းက မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။