နယ်ရုံးများ၏သတင်းများ

Feb 08,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၆ ရက်နေ့နံနက်ပိုင်းက သူရဲဇီးကျေးရွာအုပ်စု၊ သူရဲဇီးကျေးရွာ၊ အ.မ.က လွန် (သူရဲဇီး) ကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဥ်း၍ အသိပညာပေးဟောပြောခဲ့သည်။
Feb 08,2024
လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ ရရှိပြီးသား အသိပညာဗဟုသုတများ ပိုမိုတိုးတက်ရရှိစေရေးရည်ရွယ်ကာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းကာ ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ကျီစုအနောက်ရပ်ကွက် အ.လ.က(ခွဲ) ကျီစုအနောက်ကျောင်း၌ ပြည်ထောင်စုနေ့အကြို အသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီလ ၆ ရက်နေ့မွန်လွဲ ၂ နာရီ အချိန်က အ.လ.က(ခွဲ)ကျီစုကျောင်း စုဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Feb 08,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာရှိ အ-မ-က ဘုရားကုန်း(၁) ကျောင်း၌ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ယမန်နေ့နံနက် ၁၀ နာရီ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက နည်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
Feb 08,2024
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 08,2024
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ ပြပွဲ ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြသည်။
Feb 08,2024
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။
Feb 08,2024
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရောက်ရှိမည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။