မန္တလေး ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ တိုင်းဒေသကြီးရုံးရှိ သင်တန်းကျောင်းတွင် ပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက အမှာစကားပြောကြားပြီး သင်တန်းနည်းပြများက သင်တန်းကို ဆက်လက်ပို့ချကြသည်။
အဆိုပါသင်တန်းတွင် တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေဝေဖြိုးက အခမ်းအနားမှူးတစ်ဦးတွင်ရှိရမည့် အဓိကအရည်အချင်းများ၊ ဒုတိယတိုင်းဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက အခမ်းအနားမှူးအတွက် သိမှတ်ဖွယ်ရာများ၊ ခရိုင်ဦးစီးမှူး ဒေါ်ရည်မွန်သူက အခမ်းအနားမှူးတစ်ယောက်အတွက် အရေးပါသော ဆောင်ရွက်ချက်များနှင့် လိုအပ်ချက်များ၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက အခမ်းအနားမှူး၏ ဝတ်စားဆင်ယင်မှုများ၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်က အခမ်းအနားမှူးကောင်း တစ်ယောက်၏ အရည်အချင်းများ စသည်ဖြင့် အသီးသီးပို့ချခဲ့ကြသည်။
သင်တန်းကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ နှစ်ရက်ကြာပို့ချသင်ကြားသွားမည်ဖြစ်ပြီး ခရိုင်အတွင်းရှိ မြို့နယ်ရုံးများမှ ဝန်ထမ်း(၂၀)ဦးတက်ရောက်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)