ကော့ကရိတ်မြို့၌ (၇၆)နှစ်​မြောက်မီးသတ်တပ်ဖွဲ့​နေ့ကို ဂုဏ်ပြုကြိုဆို​သောအားဖြင့် စု​ပေါင်းသန့်ရှင်း​ရေးပြုလုပ်

ကော့ကရိတ်မေ ၃

ကရင်ပြည်နယ်၊ ​ကော့ကရိတ်ခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့သည် ၂၀၂၂ခုနှစ်​ မေလ()ရက်​နေ့တွင်ကျ​ရောက်မည့် (၇၆)နှစ်​မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့​နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်တပ်ဖွဲ့ဝင်များသည် ကော့ကရိတ်ခရိုင်ပြည်သူ့​ဆေးရုံ ကြီးဝင်းအတွင်းတွင် စု​ပေါင်းသန့်ရှင်း​​ရေးပြုလုပ်ခြင်းကို ယ​နေ့နံနက်()နာရီ အချိန်က​ပြုလုပ်ခဲ့​ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ရဲမင်း၏ ဦးဆောင်မှုဖြင့်သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ(၅၀)ဦးတို့က ကော့ကရိတ်မြို့ ပြည်သူ့ ဆေးရုံဝင်းအတွင်းရှိ သစ်ကိုင်များသစ်ပင်ခြောက်၊ အမှိုက်သရိုက်များအား ခုတ်ထင်ရှင်းလင်း ခြင်း၊ ခြုံနွယ်မြက်ပင်များ ရှင်းလင်းခြင်းနှင့်၊​ ရေ​မြောင်းများရှင်းလင်းခြင်းတို့ ပြုလုပ်​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ခင်မျိုးဝင်း(ပြန်/ဆက်)