သဲကုန်းမြို့နယ်တွင် လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ် (၃) လုံး အမိုးလန် ပျက်စီး

သဲကုန်း မေ ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ယနေ့ နံနက်  ၅ နာရီအချိန်ခန့်က မိုးလေပြင်း တိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ် (၃) လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

မိုးရွာသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကြို့ရပ်သာကျေးရွာအုပ်စုတွင် နေအိမ် (၁) လုံး၊ ရဲ့ကန်ကျေးရွာအုပ်စုတွင် နေအိမ် (၁) လုံး၊ ပေါက်တောရပ်ကွက်တွင် နေအိမ် (၁) လုံး၊ စုစုပေါင်း နေအိမ် (၃) လုံး အမိုးလန်ပျက်စီးခဲ့ပြီး လူတိရိစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

ဝင့်နန္ဒာဌေး