နမ့်ဆန် မေ ၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထား သူများပိုမို တိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများနှင့်ပူးပေါင်း၍ နမ့်ဆန်မြို့နယ် Community Centre ခန်းမ၌စာဖတ်ဝိုင်းကို ယမန်နေ့ လည် (၁) နာရီ အချိန်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က စာဖတ်ခြင်းအကျိုးကျေးဇူးနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး Youth Club အဖွဲ့ဝင် မမေနှင်းဝေက ဒို့ကျေးရွာဂျာနယ် အတွဲ-၁၉အမှတ်-၉ပါ ဒေါက်တာနိုက်တင်ဂေး၏ မှတ်ဉာဏ်သတိမေ့လျော့ခြင်း ဆောင်းပါးပါ အကြောင်းအရာ မှတ်ဉာဏ်မေ့လျော့ခြင်း အယ်ဇိုင်းမားရောဂါအကြောင်း ဆွေးနွေးရာတွင် ယုအချိန်တွင်ဂိမ်းကစားခြင်း၊ Face book စသည့်လူမှုကွန်ယက် အသုံးများခြင်းတို့ကြောင့် မိုဘိုင်းဖုန်းသုံးစွဲမှု ပိုမိုမြင့်မားလာသည့်အတွက် လက်ကိုင်ဖုန်းမှ မိုက်ခရိုဝေ့ဓာတ်ရောင်ခြည်များနှင့် လျှပ်စစ်သံလိုက်စက်ကွင်း ပြင်းအားများကြောင့် မှတ်ဉာဏ်မေ့လျော့ခြင်း အယ်ဇိုင်းမားရောဂါ ပိုမိုဖြစ်ပွားလာစေပါတယ် စသည့်အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ဒေါ်အေးဝင်း Book Club အဖွဲ့ဝင်က ရယ်မောပျော်ရွှင်ခြင်းက စိတ်ဖိစီးမှုကို ပြေလျော့ပြီး ကိုယ်ခံစွမ်းအားမြင့်မားစေတာကြောင့် ရုပ်ရှင်နှင့် စာပေကြည့်ရှုခြင်းသည် ဦးနှောက်ကျန်းမာရေးကို အထောက်အကူများရရှိစေသလို ကိုယ်လက်လှုပ်ရှား ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းက ဦးနှောက်စွမ်းရည်ကို တိုးတက်စေပါတယ်၊ သစ်သီးဖျော်ရည်များကို ပုံမှန်သောက်သုံးခြင်းဖြင့် ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းမှု အယ်ဇိုင်းမားရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် Book Club/ Youth Club အဖွဲ့ဝင်များက ဒေါက်တာနိုက်တင်ဂေး ၏မှတ် ဉာဏ်သတိမေ့လျော့ခြင်း ဆောင်းပါး အကြောင်းအရာများကို အပြန်အလှန်ဖတ်ရှု ဆွေးနွေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသပြန်ဆက်