နောင်ချို မေ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကုန်စည်နှင့်ဝန်ဆောင်မှုဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၁:၀၀)နာရီအချိန်က ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက (Talk Show) ဆွေးနွေးပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားခဲပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပေါင်ခန့်လန်က ကုန်စည်နှင့်ဝန်ဆောင်မှုဆိုင်ရာ အသိပညာပေး ဆွေးနွေးခဲ့ရာတွင် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှု အာမခံချက်များ ၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံမှုများ၊ စီးပွားရေးကျင့်ဝတ် စည်းကမ်းချက်များနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်မှုများ စသည်ဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်(၁၁)ချက်တို့အား ရှင်းလင်းဆွေးနွေးခဲ့သည်။
နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန် အသိပညာပေး Talk Show ဆွေးနွေးပွဲမျာကို သက်ဆိုင်ရာကဏ္ဍအလိုက် Oline မှတဆင့် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်၊ပြန်/ဆက်