ဖြူး မေ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် မြို့နယ်စာရေးဆရာ အသင်းမှ သက်ကြီးပုဂ္ဂိုလ်များအား သတ္တမအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖြူးမြို့နယ်စာရေးဆရာအသင်းမှ သက်ကြီးပုဂ္ဂိုလ်များအား သတ္တမအကြိမ်မြောက် သက်ကြီးပူဇော်ခြင်းကို ပြုလုပ်ရာ သက်ကြီးပုဂ္ဂိုလ်များဖြစ်သော ဦးမြင့်ဦး(ဖြူးမြင့်ဦး)နှင့် ဦးတင်မိုးလှိုင် (တင်မိုးလှိုင်-ကညွတ်ကွင်း)တို့အား ဂါဝရပြုငွေ (၃၀၀၀၀) ကျပ်ဆီဖြင့် ပူဇော် ကန်တော့ကြပြီး မြို့နယ်စာရေးဆရာ အသင်းသားများ သက်သာချောင်ချိရေး အတွက် အသင်းပိုင်ငွေဖြင့် တစ်ဦးလျှင် (၅၀၀၀၀) ကျပ်ဆီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဖြူးမြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးကို ကျင်းပရာ ဖြူးမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း(ကျော်ဆွေဝင်း-ရွှေအင်း)က အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက်၂၀၂၀-၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးသို့ တင်သွင်းသည့် အစီရင်ခံစာအားအတွင်းရေးမှူး ဦးဖြူဝင်း(တမာသင်းခိုင်-စက်မှုလယ်ယာ)က ဖတ်ကြားပြီး နှစ်ပတ်လည် ငွေစာရင်းရှင်းတမ်းများအား ဘဏ္ဍာရေးမှူး ဦးတင်မိုးလှိုင် (တင်မိုးလှိုင်-ကညွတ်ကွင်း)က ဖတ်ကြားခဲ့ကြောင်းနှင့် အခမ်းအနားသို့ ဖြူးမြို့နယ်စာရေး ဆရာအသင်းမှ အဖွဲ့ဝင် (၇) ဦးရှိရာ အဖွဲ့ဝင် (၇) ဦးနှင့် ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်း တို့က တက်ရောက်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)