ဒဂုံအရှေ့ မေ ၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့၌ ကျေးရွာစာကြည့် တိုက်များ ရှင်သန်ခိုင်မာရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် (၉)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြိုနယ့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးမဉ္ဇူနှင့် ဝန်ထမ်း များက အမှတ် ၁ ရပ်ကွက် ရောင်ခြည်သစ် စာကြည့်တိုက်၊ အမှတ် ၁၃ ရပ်ကွက် ရွှေသင်္ဂဟစာကြည့်တိုက်၊ အမှတ် ၄ ရပ်ကွက် သီရီဒဂုံ စာကြည့်တိုက်၊ ၁၀၈ရပ်ကွက်ဂန္တဝင် အလင်းစာကြည့်တိုက်၊ ၁၃၃ရပ်ကွက် ဘဝရှေ့ဆောင် စာကြည့်တိုက်၊ အမှတ် ၁၅ ရပ်ကွက် အနာဂတ်ပျိုးခင်း စာကြည့်တိုက်သို့ ကွင်းဆင်း၍ စာကြည့်တိုက်များ လေဝင်လေထွက်ကောင်းမွန်စေရန် ပြတင်း တံခါးများ ဖွင့်ထားရေး၊ စာအုပ်စာစောင်များ ပျောက်ဆုံးပျက်စီးမှုမရှိစေရေး၊ သုတ၊ ရသစာအုပ်များ အသစ်ထပ်မံ ဖြည့်တင်းနိုင်ရေး၊ စာကြည့်တိုက်ဆိုင်းဘုတ်များ ပြန်လည်ပြုပြင်ရေး၊ စာဖတ်စာငှား ပရိသတ်များ တိုးပွားရေးဆောင်ရွက်ရမည့် နည်းလမ်းများနှင့် အတူ စာကြည့်တိုက်ဆိုင်ရာ လုပ်ငန်းများ၊ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ သန့်ရှင်းသာယာလှပရေးအတွက် ရပ်ကွက်/ ကျေးရွာ စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီများ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချူပ်ရေးမှူးများဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်