မယ်စဲ့မြို့နယ်တွင် လူငယ်နှင့်ဘဝတန်ဖိုး စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

မယ်စဲ့ ဇန်နဝါရီ ၂၄

နောင်အနာဂတ်မျိုးဆက်သစ်များ ကိုယ်ကျင့်တရားကောင်းမွန်ပြီး မှားမှန်ကျိုးကြောင်းခွဲခြားနိုင်သော လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Boook Club)နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က စာရေးဆရာကလောင်စုံရေးသားထားသည့် လူငယ်နှင့်ဘဝတန်ဖိုးစာအုပ်မှ နောင်အနာဂတ်ကို ဦးဆောင်ကြမည့် လူငယ်များအနေဖြင့် ပညာနှင့်ကိုယ်ကျင့်တရားကောင်းမွန်ခြင်းဖြင့် တန်ဖိုးရှိသော လူမှသည် ကောင်းမွန်သော အနာဂတ်ကို ဖန်တီးတည်ဆောက်ကြဖို့လိုအပ်ကြောင်း ဦးဆောင် ဆွေးနွေးရာ Book Club အဖွဲ့ဝင် ဒေါ်သီတာမြင့်နှင့် မမေသူဟိန်းတို့က ကောင်းမွန်သောအနာဂတ်၊ ကောင်းမွန်သောကိုယ်ကျင့်တရား ဖြစ်ရန်လွန်စွာအရေးကြီးပုံတို့ကို ပြန်လည်ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များအား နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတိုကို ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဝတ်ရည်(ပြန်/ ဆက်)