ဖားဆောင်း ဇန်နဝါရီ ၂၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တောင်ပေါ်ကျေးရွာတွင် ကြီးမှူးဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်နည်း(ဖိနပ်ချုပ်)သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက တောင်ပေါ်ကျေးရွာခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးကသင်တန်းမှရရှိသော စာတွေ့လက်တွေ့ ပညာများကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာအသုံးချတတ်စေရန် အမှာစကားပြောကြားပြီး ဘောလခဲခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးစံမြက ထပ်ဆင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းတွင် ဆုရရှိသူများအား ဆုများနှင့်သင်တန်းဆင်းလက်မှတ်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦး၊ ဘောလခဲခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးစံမြနှင့် တာ၀န်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် သင်တန်းသူများချုပ်လုပ်ထားသည့် ဖိနပ်များအား တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
နန်းသဲနုအောင်( ဖားဆောင်း)