ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ပြည်နယ်ကလေး အလုပ်သမားပပျောက်ရေး ဆိုင်ရာလုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ(၈)ခုတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

လွိုင်ကော် ဖေဖော်ဝါရီ

ကယားပြည်နယ်ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ()ခုတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီနှင့် ကော်မတီ()ခုတို့၏ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ပထမကာလတို(၅)နှစ် လုပ်ငန်းစီမံချက် (၂၀၁၉ -၂၀၂၃)ကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီတွင်ပါဝင်သည့် ဆပ်ကော်မတီ (၈)ခုတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်၍ ကော်မတီများအကြား ကဏ္ဍအလိုက် ပိုမိုညှိနှိုင်းချိတ်ဆက်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီမှ ချမှတ်ခဲ့သော လုပ်ငန်းတာဝန်များကို ကော်မတီအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်လူရွယ်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသဖြင့် ပြည်နယ်အတွင်း ကလေးအလုပ်သမား များပပျောက်သွားစေရန် အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ရေရှည်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရေးအတွက် လိုအပ်သည်များကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကို ကော်မတီများအားလုံး ချိတ်ဆက်ပူးပေါင်း၍ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီ()ခု၏ အတွင်းရေးမှူးများက ကော်မတီအလိုက် ဆောင်ရွက်နေသည့်  ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ကိုဇင်(ပြန်/ ဆက်)