လွိုင်ကော်မြို့ သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ) ပရိဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်းရှိ ဘုရားစေတီပုထိုးများတွင် ပြည်သူများစိတ်ကြည်လင်အေးချမ်းစွာလာရောက် ကုသိုလ်ပြုနိုင်ရေးတို့အတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ပိုင်းက လွိုင်ကော်မြို့၊ သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ)၌ စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။