လွိုင်လင် အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ မိုက်ဟုန်းကျေးရွာဓမ္မာရုံတွင် အသေးစား၊ စက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် မော်တော်ဆိုင်ကယ်ပြုပြင်ရေးနည်းပညာ (မွမ်းမံ) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၁၀) နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အသေးစားစက်မှုလုပ်ငန်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလင်းထင်က ကျေးလက်နေလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေး ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် သင်တန်းအထောက်အကူပြုပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်မှ ပေးအပ်ရာ သင်တန်းသားတစ်ဦး ကလက်ခံရယူ သည်။ ထို့နောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ မော်တော်ဆိုင်ကယ်ပြုပြင်ခြင်း အခြေခံသင်တန်းကို တစ်လကြာဖွင့်လှစ်ပေးခဲ့ပြီးနောက် ယခု မွမ်းမံသင်တန်းကို ၁၅ ရက်ကြာ ဖွင့်လှစ် မည်ဖြစ်ပြီး သင်တန်းသား ၁၅ ဦးတက်ရောက်ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်