ကယားပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်၊ ကောလိပ်များနှင့် သိပ္ပံကျောင်းများ အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးကာလ သီရိမင်္ဂလာဈေး တည်ဆောက်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်မှုများအား သွားရောက် ကြည့်ရှုစစ်ဆေး
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် သိပ္ပံကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်သို့ သွားရောက်၍ ကျောင်းပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် စာသင်ဆောင်များ၊ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် ဆရာ၊ ဆရာမဝန်ထမ်းအိမ်ရာများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြုပြင် ဆောင်ရွက်ရန် လိုအပ်သည်များ အမြန်ပြန်လည်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားကာ ကျောင်းဝန်းအတွင်း သန့်ရှင်းသာလှပရေးနှင့် ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။