လွိုင်ကော် စက်တင်ဘာ ၁၆
၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် “ယနေ့အခမ်းအနားကို အိုဇုန်းလွှာယိုယွင်းပျက်စီးမှုကြောင့် ကမ္ဘာပေါ်ရှိ သက်ရှိများနှင့် သဘာဝပတ်ဝန်းကျင်များအပေါ် ဘေးဥပဒ်အန္တရာယ်ကျရောက်နိုင်မှုများကို အသိပညာပေးရန်၊ ပြည်နယ်အတွင်း ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ ပြည်သူလူထုများအနေဖြင့် သက်ရှိများအတွက်သာမက နောင်အနာဂတ်မျိုးဆက်များအတွက်ပါ အရေးပါသည့် အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်သွားရန်ဟူသော ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ ရာသီဥတုပြန်လည်ကောင်းမွန်လာစေရန်နှင့် ဂေဟစနစ်များထိန်းသိမ်းရန်၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး ညစ်ညမ်းမှုထိန်းသိမ်းကာကွယ်ရန် စသည်တို့ကိုပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း” စသည်ဖြင့်ပြောကြားခဲ့သည်။
ထို့နောက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip အားပြသခဲ့သည်။ ဆက်လက်၍ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိကြသူများကို ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒုတိယဆုရရှိသူများကို ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကျော်ခိုင်နှင့် တတိယဆုရရှိသူများကို သယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူးတို့က ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဆိုင်ရာလှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ၊ ပြိုင်ပွဲဝင်ဆုရ စာစီစာကုံးများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)