၂၀၂၄ ခုနှစ် ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံအမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

လွိုင်ကော် စက်တင်ဘာ ၉

၂၀၂ ခုနှစ် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) ဘောလုံးကွင်း၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင် ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲစဉ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အသင်းနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းက ( ဂိုး - ဂိုးမရှိ) ဖြင့် အနိုင်ရရှိခဲ့သည်။

ဆုချီးမြှင့်ပွဲဆက်လက်ကျင်းပရာ အဆိုပါဘောလုံးပြိုင်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများကို ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စွာထွန်းကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့်အသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ်အစိုးရအဖွဲ့ဝင်များကလည်းကောင်း၊ နေရာအလိုက် အကောင်းဆုံးဆု၊ ဂိုးသမားအကောင်းဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိကြသူများကို ငွေသားဆုနှင့် Trophy တို့ကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းစိုးအောင်ကလည်းကောင်း၊ တတိယဆုရရှိသည့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုတို့ကို ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးထွန်းထွန်းဦးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အသင်းအား ငွေသားဆုနှင့် ဆုတံဆိပ်များကို ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကျော်ခိုင်ကလည်းကောင်းပထမဆုရရှိသည့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်အားကစားအသင်းများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

၂၀၂၄ ခုနှစ် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ဩဂုတ်လ(၈)ရက်နေ့က စတင်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်း (  ) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)