လွိုင်ကော် သြဂုတ် ၁၆
လွတ်လပ်၍တရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများမှန်ကန်မြန်ဆန်လွယ်ကူစွာဖြင့် ဆန္ဒမဲပေးနိုင်ရန် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များအသုံးပြုသွားမည်ဖြစ်ရာ လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်နေပြည်သူများသို့ MEVM အသိပညာပေးခြင်းနှင့်စမ်းသပ်ဆန္ဒမဲပေးခြင်းကို ဩဂုတ်လ ၁၂ ရက်နေ့ နံနက်က အောင်သီဟရပ်ကွက်၊ မင်္ဂလာဂန္ဓာရုံကျောင်းတိုက်ဓမ္မာရုံ၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများကသွားရောက်ကြည့်ရှုအားပေး သည်။
ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ပြည်နယ်ရွေးကောက်ပွဲအရာရှိက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ အသုံးပြုပုံအဆင့်ဆင့်တို့အား ရှင်းလင်းတင်ပြသည်။ ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးဝန်ထမ်းများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့်စမ်းသပ်ဆန္ဒမဲပေးရန် ကူညီဆောင်ရွက်ပေးနေမှုများနှင့် ပြည်သူများကစိတ်ပါဝင်စားစွာ လက်တွေ့ဆန္ဒမဲပေးနေမှုများကိုကြည့်ရှုအားပေးပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားများ ပြောကြားခဲ့သည်။
ယနေ့ MEVM အသိပညာပေးခြင်းနှင့်စမ်းသပ်မဲပေးခြင်းအား အောင်သီဟရပ်ကွက်နှင့် ရေနီကန်ကျေးရွာနေ ပြည်သူ ၃၀၀ ဦးခန့်ကပါဝင်ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်အတွင်း မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)