ရွာသစ်မြို့ ဓာတ်တော်စေတီအဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်းပြီးစီး

ရွာသစ် အောက်တိုဘာ ၁၅

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ ကယားပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ဖြည့်စွက် ရန်ပုံငွေ(၅၆.၁၉၈) သန်းဖြင့် ဆောင်ရွက်သော ရွာသစ်မြို့ ဓာတ်တော်စေတီ အဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို မတ်လ ၂၇ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကယားတောင်တန်းကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက် လျက်ရှိပြီး ယခုအချိန်တွင် ၇၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရ သည်။ အဆိုပါ ရွာသစ်မြို့၏ အထွက် အမြတ်ထားရာ ဓာတ်တော်စေတီဘုရား အဝင်လမ်း ပိုမိုကောင်းမွန်လာ ခြင်းကြောင့် ဒေသခံပြည်သူများ ဥပုသ်နေ့တွင် ဘုန်းကြီး ကျောင်းသွား သီလယူခြင်း၊ ရပ်‌‌‌ဝေးရပ်နီးမှ ဘုရားဖူး ဧည့်သည်များအတွက်လည်း  တောင်ပေါ်ဓာတ်တော်စေတီ ရင်ပြင်တော်တွင်  ရွာသစ်မြို့၏  ရှုခင်းများ ကြည့်ရှု ခြင်းအားဖြင့် များစွာအထောက်အကူပြုပါကြောင်း ဒေသခံပြည်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

နန်းဆွေဆွေအေး (ပြန်/ဆက်)