လွိုင်ကော် အောက်တိုဘာ ၁၅
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ကယားပြည်နယ်ရှိ ပုဂ္ဂလိကမော်တော်ယာဉ် လုပ်ငန်းများအား စနစ်တကျ ကြီးကြပ်ရေးကော်မတီ ကြီးကြပ်မှုအောက်ရှိ ခရီးသယ်ပို့ဆောင်ရေး မော်တော်ယာဉ် လိုင်းများမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ဂိတ်ဝန်ထမ်းနှင့် လုပ်သားများအား ဆန်နှင့်ဆီများကို နံနက်ပိုင်းက ထောက်ပံပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ပုဂ္ဂလိကမော်တော်ယာဉ်ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစံအေးက “ကိုဗစ်-၁၉ ကာလမှာ ကယားပြည်နယ်အစိုးရ၏ ညွှန်ကြားချက်အရ ပြည်နယ်မှ အဝေးပြေးယာဉ်လိုင်း ပြေးဆွဲနေ သည့် ယာဉ်လိုင်းအသီးသီးကို ခေတ္တရပ်နား ထားသည်မှာ ၁ လကြာမြင့်တာကြောင့် ယာဉ်မောင်း၊ ယာဉ်နောက် လိုက်နှင့် ဂိတ်လုပ်သားများကို စားဝတ်နေရေးများ အခက်အခဲရှိ လာသော ကြောင့် ယခုလိုထောက်ပံ့ရခြင်းဖြစ် ကြောင်း” ပြောကြားခဲ့သည်။
အဆိုပါအဝေးပြေး မော်တော်ယာဉ်လိုင်းတွင် တာဝန်ထမ်းဆောင်နေသည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ဂိတ်ဝန်ထမ်းနှင့် လုပ်သား(၇၀၀)ဦး ခန့်အား တစ်ဦးလျှင် ဆန်(၁၂)ပြည်နှင့် ဆီ(၁)ပိဿစီ ထောက်ပံ့ခဲ့ပြီး ကိုဗစ်-၁၉ ကာလအတွင်း ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ဂိတ်လုပ်သား များအား ထောက်ပံ့ပေးရာတွင် တတိယအကြိမ် မြောက် ထောက်ပံ့ပေးထားပြီဖြစ်ကြောင်း သိရှိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)