မယ်စဲ့ အောက်တိုဘာ ၁၄
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၃ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချ ရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများကို ယနေ့ နံနက်က လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အငယ်တန်းစားရေး ဦးမျိုးမင်းသန့်နှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက် ရှိ ဌာနဆိုင်ရာများ၊ နမ့်မန်း စစ်ဆေးရေးဂိတ်နှင့် မယ်ဆည်နမ်စစ်ဆေး ရေးဂိတ်တို့တွင် တာဝန်ထမ်းဆောင်နေသော ပူးပေါင်းအဖွဲ့များအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် လျှော်ဖွတ်အသုံးပြုနိုင်သည် အဝတ်နှာခေါင်းစည်း (Mask) (၁၈၀)ခုနှင့် လက်ဆေးဆပ်ပြာခဲ အတုံး (၈၀) တို့ကို အခမဲ့လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)